Skip to main content

ဖုန်းထဲက ဖိုင်တွေ ဖွက်မယ်

 




ခုပြောမယ့်နည်းက

Vault. Audio manager. App lock. Gallery lock တို့လို app တွေမသုံးဘဲ

Files တွေ ဖွက်လို့ရမဲ့နည်းပါ။

Photo. Mp3. Mp4 နဲ့ အခြားဖိုင်တွေအကုန်

ဖွက်လို့ရပါတယ်။

အဲ့သလို လုပ်ဖို့ မိမိဖုန်းရဲ့ File Manager ကိုတော့

ကျွမ်းကျွမ်းကျင်ကျင်သုံးတတ်ဖို့လိုပါတယ်။



ပထမဆုံး မိမိရဲ့ ဖုန်း storage ထဲမှာ

Folder အသစ်ဆောက်ရပါမယ်။

( internal မှာဖြစ်ဖြစ် SD card ထဲမှာဖြစ်ဖြစ်

ကိုယ်ကြိုက်တဲ့ နေရာမှာ ဆောက်လို့ရပါတယ် )

Folder name ကို ကိုယ်ကြိုက်တဲ့နာမည်ပေးပါ။

ဥပမာ အနေနဲ့  hide လို့ပေးလိုက်ပါမယ်။



ပေးပြီးရင် ကိုယ်မမြင်စေချင်တဲ့ file တွေအားလုံးကို

ခုနက ဆောက်ထားတဲ့ (hide) folder ထဲ ရွေ့လိုက်ပါ။

(ရွေ့တဲ့ နေရာမှာ cut လုပ်ပြီးရွေ့ပါ

Copy နဲ့ရွေ့ရင် ဘာမှမထူးပါဘူး )

ရွေ့ပြီးတာနဲ့ file name ကို နာမည်ပြန်ပြောင်းရပါမယ်

ကိုယ်ပေးထားတဲ့ file name ရဲ့ရှေ့မှာ (.)full stop လေးထည့်လိုက်ပါ


ကျွန်တော်က hide လို့ပေးထားတဲ့ အတွက်

.hide ဆိုပြီး ပြင်ရေးရပါမယ်

ရေးပြီးတာနဲ့ ပျောက်သွားပါပြီ

ပုံတွေ ဖွက်ထားရင် gallery ထဲမှာ ကြည့်လိုက်ပါ မရှိတော့ပါဘူး 



ပြန်ရှာဖို့ အတွက်က

 file manager 》setting <or> menu》

Show_Hidden_file ကိုရှာပြီး on ပေးလိုက်ပါ


ပြီးရင် ကိုယ်ဖွက်ထားတဲ့ နေရာမှာ သွားရှာပါ

SD card မှာ ဖွက်ထားရင် SD card ထဲ ဝင်ရှာပါ

Internal မှာ ဖွက်ထားရင် internal မှာဝင်ရှာပါ


.hide ဆိုပြီး တွေ့ပါလိမ့်မယ်

(.) ကို rename နဲ့ ပြန်ဖျက်လိုက်ပါ

hide ဆိုပြီး ဖြစ်သွားပါလိမ့်မယ်

ဒါဆိုရင် ကိုယ်ဖွက်ထားတာတွေ အကုန် ပြန်ပေါ်လာပါပြီ


ဖွက်ချင်တဲ့ file တွေရှာဖို့

 ဓာတ်ပုံ >    file manager 》internal or SD 》DCIM

 သီချင်း >     file manager 》internal or SD 》Music

 Video >     file manager 》internal or SD 》Video

 ( zapya နဲ့ share ထားတဲ့ ဖိုင်တွေက zapya folder ထဲမှာ ပဲ ရှိပါတယ်

 အဲ့ဖိုင်ထဲမှာ မှမရှိဘူးဆိုရင်တော့ ကိုယ်ဖွက်မဲ့ ဖိုင်ရဲ့ detail ကို ကြည့်လိုက်ပါ

 Location ဆိုတဲ့ နောက်က လမ်းကြောင်းအတိုင်း ရှာကြည့်လိုက်ပါ )


⚠file manager ကို ကောင်းကောင်းသုံးတတ်နေရပါမယ်

⚠မကျွမ်းသေးရင် ဓာတ်ပုံလေးတစ်ပုံလောက်နဲ့ပဲ

စလုပ်ပါ

⚠ကိုယ်သိမ်းထားတဲ့ နေရာကို သေချာမှတ်မိနေဖို့လိုပါတယ်

⚠ဖုန်းတစ်လုံးနဲ့ တစ်လုံး desgin တွေမတူတဲ့အတွက်

File setting ကွဲလွဲနိုင်ပါတယ်

⚠အဓိက က show hidden file ကို တွေ့အောင်ရှာပြီး on/off လုပ်ပေးတတ်ရင်ရပါပြီ

⚠ samsung ဖုန်းတွေမှာတော့ ကောင်းကောင်းအလုပ်လုပ်ပါတယ်

⚠ကျန်တဲ့ ဖုန်းတွေကတော့ ကျွန်တော်လည်း မစမ်းရသေးပါ 

⚠Zapya. Xender တို့လို့ app တွေရဲ့

Setting တွေမှာ show hidden file ဆိုတာကို

Off ထားပေးပါ

မ off ထားရင်

အဲ့ app ထဲကနေ ကိုယ်ဖွက်ထားတဲ့ file တွေကို မြင်နေရပါလိမ့်မယ်


✔app  မသုံးထားတဲ့အတွက်

ကိုယ့်ဖုန်းကို သူများယူကြည့်လည်း file တွေဖွက်ထားမှန်းမသိတော့ ပါဘူး


✔ရှာလို့ရတာလည်း ကိုယ့်တစ်ယောက်ပဲရှိပါတယ်


✔app တွေလို data အကန့်အသတ်မရှိပါဘူး

မကျေနပ်ရင် ရှိသမျှ ဖိုင်တွေ အကုန်ဖွက်လို့ရပါတယ်

Data များလို့ ဟမ်းသွားတယ်

File တွေ ပွားသွားတယ် မရှိပါဘူး


▶ကိုယ့်ဖုန်းထဲက DATA တွေကို လုံခြုံစေချင်ရင်တော့

Screen lock ကို ဘယ်သူ့ကိုမှ ပေးမသိတာအကောင်းဆုံးပါပဲ

ကိုယ့်ဖုန်းကို ပေးမကိုင်တာ အကောင်းဆုံပါပဲ

▶screen lock ကိုလည်း

သုံးရက်တစ်ခါ တစ်ပတ်တစ်ခါလောက်ချိန်းပေးပါ

အပေါင်းအသင်းတွေနဲ့ အပြင် တစ်ခါသွားပြီးတိုင်း

တစ်ခါချိန်းပါ

▶ခုခေတ်မှာ လူတိုင်းနီးပါ ဖုန်းကိုင်ပါတယ်

ကိုယ့်ရဲ့ data တွေကို အလွယ်တကူ ဖုန်းထဲမှာပဲ သိမ်းလိုက်ကြပါတယ်

▶ဖုန်းတစ်လုံးကိုရတာနဲ့ ဖုန်းပိုင်ရှင်ရဲ့အကြောင်းကို 

80 % လောက် သိနိုင်ပါတယ်


ဟာ ဟျောင့် data တွေက အဲ့လောက်အရေးကြီးလို့လာဆိုရင် ခင်ဗျား ဖုန်းပျောက်သွားတဲ့ အခါ သိပါလိမ့်မယ်