Skip to main content

Posts

Showing posts with the label Relationship

လူရိုင်းစီစဥ်သည်

  မကြာခင် နင် ဘွဲ့ရတော့မယ်...။ ငါကတော့ ကျောင်းဆက်တက်ဖြစ်ဖို့ မသေချာတော့ဘူး။ ရေရှည်ကိုမကြည့်ဘူး ပြောချင်ပြော၊ လက်ရှိ၀င်ငွေလေးကို စွန်လွှတ်ဖို့ မဖြစ်နိုင်သေးဘူး။ အဲဒီ့ငွေလေးတွေထဲက တစ်ချို့တစ်ဝက်ကို အရင်လိုပဲ နင့်အတွက် ဆက်သုံးမယ်။ နင် စားချင်တာလေး တစ်လ တစ်ခါလောက် လိုက်ကျွေးမယ်။ နင် သင်တန်းဆင်းတိုင်း လာကြိုမယ်။ နင့်အတွက် အလုပ်လိုက်ရှာပေးမယ်...။ ငါကတော့ တိုက်ခန်းလေးတစ်ခန်းလောက် ငှားနေနိုင်အောင်လုပ်မယ်။ ပြီးရင် ငါ့အလုပ်အခြေနေအရ သွားသွားလာလာအဆင်ပြေအောင် ကားလေးတစ်စီး အရင် ဝယ်မယ်။ နင် သွားချင်တဲ့နေရာရှိရင် ငါအလုပ်နားရက်တွေကျ လိုက်ပို့လို့ရတာပေါ့။ နင် အလုပ်ရရင် လစာကို မိဘတွေ အပ်ချင်အပ်၊ နင့်ညီမလေးကို မုန့်ဖိုးပေးချင်ပေး...၊ နင့် အစ်ကိုကို လက်ဆောင်တွေပေးချင်ပေး၊ နင်လိုချင်တာ ဝယ်ချင်ဝယ်၊ စုချင်လည်း စု၊ နင့် သဘော... နင်ကြိုက်တာလုပ်။ ငါတို့နှစ်ယောက်တွေ့တိုင်း အသုံးစရိတ်ကို ငါတာဝန်ယူမယ်။ တစ်ခါတလေ ဘယ်မှမသွားဘဲ ငါ့တိုက်ခန်းလေးမှာပဲ ချက်ပြုတ်စားသောက်ကြမယ်။ ရုပ်ရှင်တွေကြည့်ကြမယ်။ သူငယ်ချင်းတွေခေါ်ပြီး သောက်ကြမယ်။ ဆော့ကြမယ်။ ငါ့ အလုပ်ကလေး အဆင်ပြေလို့ ပိုက်ဆံစုမိတဲ့အခါ အိမ်ကလေးတစ်လုံးဝယ်မယ်။ ပြီးရင် ...