ခုပြောမယ့်နည်းက Vault. Audio manager. App lock. Gallery lock တို့လို app တွေမသုံးဘဲ Files တွေ ဖွက်လို့ရမဲ့နည်းပါ။ Photo. Mp3. Mp4 နဲ့ အခြားဖိုင်တွေအကုန် ဖွက်လို့ရပါတယ်။ အဲ့သလို လုပ်ဖို့ မိမိဖုန်းရဲ့ File Manager ကိုတော့ ကျွမ်းကျွမ်းကျင်ကျင်သုံးတတ်ဖို့လိုပါတယ်။ ပထမဆုံး မိမိရဲ့ ဖုန်း storage ထဲမှာ Folder အသစ်ဆောက်ရပါမယ်။ ( internal မှာဖြစ်ဖြစ် SD card ထဲမှာဖြစ်ဖြစ် ကိုယ်ကြိုက်တဲ့ နေရာမှာ ဆောက်လို့ရပါတယ် ) Folder name ကို ကိုယ်ကြိုက်တဲ့နာမည်ပေးပါ။ ဥပမာ အနေနဲ့ hide လို့ပေးလိုက်ပါမယ်။ ပေးပြီးရင် ကိုယ်မမြင်စေချင်တဲ့ file တွေအားလုံးကို ခုနက ဆောက်ထားတဲ့ (hide) folder ထဲ ရွေ့လိုက်ပါ။ (ရွေ့တဲ့ နေရာမှာ cut လုပ်ပြီးရွေ့ပါ Copy နဲ့ရွေ့ရင် ဘာမှမထူးပါဘူး ) ရွေ့ပြီးတာနဲ့ file name ကို နာမည်ပြန်ပြောင်းရပါမယ် ကိုယ်ပေးထားတဲ့ file name ရဲ့ရှေ့မှာ (.)full stop လေးထည့်လိုက်ပါ ကျွန်တော်က hide လို့ပေးထားတဲ့ အတွက် .hide ဆိုပြီး ပြင်ရေးရပါမယ် ရေးပြီးတာနဲ့ ပျောက်သွားပါပြီ ပုံတွေ ဖွက်ထားရင် gallery ထဲမှာ ကြည့်လိုက်ပါ မရှိတော့ပါဘူး ပြန်ရှာဖို့ အတွက်က file manager 》setting <or> menu》 S...
ဘာမှမထူးတဲ့ အကြောင်းများပြောလို့ ဘာထူးမလဲ။