Skip to main content

Posts

Showing posts with the label Articles

ဖုန်းထဲက ဖိုင်တွေ ဖွက်မယ်

  ခုပြောမယ့်နည်းက Vault. Audio manager. App lock. Gallery lock တို့လို app တွေမသုံးဘဲ Files တွေ ဖွက်လို့ရမဲ့နည်းပါ။ Photo. Mp3. Mp4 နဲ့ အခြားဖိုင်တွေအကုန် ဖွက်လို့ရပါတယ်။ အဲ့သလို လုပ်ဖို့ မိမိဖုန်းရဲ့ File Manager ကိုတော့ ကျွမ်းကျွမ်းကျင်ကျင်သုံးတတ်ဖို့လိုပါတယ်။ ပထမဆုံး မိမိရဲ့ ဖုန်း storage ထဲမှာ Folder အသစ်ဆောက်ရပါမယ်။ ( internal မှာဖြစ်ဖြစ် SD card ထဲမှာဖြစ်ဖြစ် ကိုယ်ကြိုက်တဲ့ နေရာမှာ ဆောက်လို့ရပါတယ် ) Folder name ကို ကိုယ်ကြိုက်တဲ့နာမည်ပေးပါ။ ဥပမာ အနေနဲ့  hide လို့ပေးလိုက်ပါမယ်။ ပေးပြီးရင် ကိုယ်မမြင်စေချင်တဲ့ file တွေအားလုံးကို ခုနက ဆောက်ထားတဲ့ (hide) folder ထဲ ရွေ့လိုက်ပါ။ (ရွေ့တဲ့ နေရာမှာ cut လုပ်ပြီးရွေ့ပါ Copy နဲ့ရွေ့ရင် ဘာမှမထူးပါဘူး ) ရွေ့ပြီးတာနဲ့ file name ကို နာမည်ပြန်ပြောင်းရပါမယ် ကိုယ်ပေးထားတဲ့ file name ရဲ့ရှေ့မှာ (.)full stop လေးထည့်လိုက်ပါ ကျွန်တော်က hide လို့ပေးထားတဲ့ အတွက် .hide ဆိုပြီး ပြင်ရေးရပါမယ် ရေးပြီးတာနဲ့ ပျောက်သွားပါပြီ ပုံတွေ ဖွက်ထားရင် gallery ထဲမှာ ကြည့်လိုက်ပါ မရှိတော့ပါဘူး  ပြန်ရှာဖို့ အတွက်က  file manager 》setting <or> menu》 S...

Power Button ရှာရင်း ငယ်ဘဝကို ဆွဲဖွင့်မိသွားခြင်း

  တစ်ရက်ကပေါ့ သူငယ်ချင်းတစ်ယောက်က သူ့ကွန်ပြူတာလေး သုံးနေရင်းနဲ့ "ဘာမှ နှိပ်မရ ပြုမရနဲ့ ဒီနေရာမှာတင် ရပ်သွားလို့ ကူညီပါအုံး"ဆိုပြီး မက်ဆေ့ဂျာကနေ အကူအညီလာတောင်းတယ်။ ကျွန်တော်ကလည်း ကိုယ့်မျက်စိနဲ့ မြင်နေရတာမဟုတ်တော့ "ဘာဖြစ်တာ ဘာလုပ်ရမှာ" ဆိုပြီး ပြောမပြနိုင်ဘူးလေ။ အဲ့တာနဲ့ပဲ "စက်ကို restart ချကြည့်လိုက်" လို့အလွယ် ပြောလိုက်တယ်။ အဲ့မှာ ပြဿနာက စတာပဲ။ "Touchpad မှ အလုပ် မလုပ်တာ ဘယ်လိုလုပ်ရမလဲ" တဲ့။ (အရင်က pointer နဲ့ ဟိုထောက် ဒီထောက်လုပ်ပြီးပဲ စက်ကို ပိတ်ခဲ့ဖူးတယ်နဲ့တူပါတယ်။ ) "အာ့ဆိုလည်း Power Button ကို 5 sec လောက် ဖိထားလိုက်ပေါ့ " ဆိုမှ ပိုဆိုးသွားတယ်။ "Power Button က ဘယ်နားမှာလဲ" တဲ့။ ကြားလိုက်စဥ်ခဏတော့ ဆွံ့အသွားတယ်။ ဒါလည်းထားလိုက်အုံး။ " မင်း Fingerprint နှိပ်တဲ့ဟာလေကွာ..." ဆိုတော့ "ငါ့စက်မှာ Fingerprint ပါလို့လား"တဲ့။ ဒီတစ်ခါတော့ တိုင်နဲ့ ခေါင်းနဲ့ပါ ပြေးဆောင့်ချင်သွားပြီ။ ကိုယ်ဝယ်ထားတဲ့စက်မှာ Fingerprint ပါလား မပါလားတောင် မသိရှာဘူး။ ဒါပေမယ့်လည်း ပြဿနာရှင်းသွားဖို့ကအဓိကဆိုတော့ Google ကိုပြေး။ သူ့စက်မော်ဒယ်န...

မန္တလေးသား

ကားပါကင်ကကောင်လေးကို တစ်ခါလောက် မုန့်ဖိုးပေးခဲ့ရင် နောက်ကိုယ်လာတိုင်း ကိုယ့်အတွက် ပါကင်ပူစရာမလိုအောင် ဖန်တီးထားပေးပြီးသား ... စားသောက်ဆိုင်က ဝိတ်တာလေးကို မုန့်ဖိုးပေးလိုက်ရင် လိုလေသေးမရှိအောင် ကိုယ့်ကို ဝန်ဆောင်မှုပေးပြီးသား ... KTV ကကောင်မလေးကို မုန့်ဖိုးပေးလိုက်ရင် ကိုယ်မပြန်မချင်း ကိုယ်စိတ်တိုင်းကျ အဖော်လုပ်ပေးပြီးသား ... မာဆတ်က အနှိပ်သမလေးကို မုန့်ဖိုးပေးလိုက်ရင် တစ်နေကုန်ပင်ပန်းသမျှ ပြေပျောက်အောင် အကြောလျှော့ပေးပြီးသား ... ပလက်ဖောင်းပေါ်က အဖွားကြီးကို ငွေအကြွေအချိ့ ထည့်လိုက်ရင် စိတ်ထဲကပါပါ မပါပါ ကိုယ့်ဘဝလေး သာယာပါစေကြောင်း ဆုတွေ တသီကြီးတောင်ပေးပြီးသား ... ခွေးကလေးတစ်ကောင်ကို အစာကျွေးလိုက်ရင် နောက် ကိုယ့်မြင်တာနဲ့ အပြေးလာကြိုပြီးသား ... ဒါတွေ အကုန်လုံး ကိုယ့်ဆီကလိုချင်လို့ လုပ်ပေးနေတာဆိုပေမယ့် တစ်ချို့အတွက် တစ်ဘဝလုံးရင်းပေးခဲ့ပေမယ့် ကိုယ့်အတွက် ဘာမှ ပြန်မလာတာမျိုးကျ ဘယ်လိုနားလည်ရမလဲ ...

မင်းလုပ်တိုင်း ငါလိုက်လုပ်ရမှာလား

  ကျွန်တော့်မှာရှိတဲ့ အကျွမ်းကျင်ဆုံးစွမ်းရည်တစ်ခုကို ပြပါဆိုရင် "အကောင်းမမြင်တတ်တာ"ပဲ။ ဟုတ်တယ်။ "ဒေဝဒတ်"လို့ခေါ်ချင်ခေါ်....။ ကျွန်တော်ကြည့်ရင် ဘုရားတောင် အပြစ်မလွတ်ဘူး။ လူတစ်ယောက်ကိုတွေ့တာနဲ့ မကောင်းတာက စမြင်တာပဲ။ ဟုတ်ပြီ။ ဒါဆိုရင် " မင်း ကောင်းတယ်၊ မကောင်းဘူး ဆိုတာကို ဘယ်လိုခွဲလဲ " လို့မေးစရာရှိလာတယ်။ ခင်ဗျားမေးရင် ဖြေဖို့ ကျွန်တော်မှာ အဖြေရှိပြီးသားပါ။ ဘယ်ကျမ်း၊ ဘယ်နီတိ ကိုမှ ကိုကားပြီးပြောမှာမဟုတ်ဘူး။ ကျွန်တော့်ကို ကျွန်တော်ပဲကြည့်ပြီးပြောမှာ ... ။ ဘယ်ဟာမကောင်းဘူးလဲ သူငယ်ချင်းတွေ တွေ့ဆုံဖို့ချိန်ထားတယ်ဆိုပါစို့။ ချိန်ထားတဲ့အချိန်မတိုင်ခင် နှစ်နာရီလောက်ကတည်းက ဆုံမှတ်ကိုရောက်အောင်သွားဖို့ပြင်ဆင်တယ်။ စောစောထရမယ်ဆို ထတယ်။ အိမ်ကမထွက်ခင် လုပ်ရမယ့်အရာတွေရှိတယ်ဆိုလည်း အလျင်စလိုလုပ်တယ်။ အိမ်ကထွက်လို့ လမ်းမှာကားပိတ်တယ်ဆိုလည်း လမ်းကြောင်းကို အပေါ်တက်လိုက် အောက်ဆင်းလိုက်နဲ့ ယောက်ယက်တွေခက်နေပြီ။ ဟွန်းတွေလည်း တရစပ်တီးချင်တီးပလိုက်တယ်။ ကားကြီးတွေ၊ ကားလေးတွေသိပ်စိတ်မဝင်စားဘူး။ ကပ်မောင်းသင့်ရင် ကပ်မောင်းလိုက်တယ်။ အသက်အန္တရာယ်တွေဘာတွေဂရုမစိုက်ဘူး။ ချိန်းထားတဲ့နေရာကို ...

လုပ်ငန်းခွင်ရောက်လျှင် သေချာပေါက် အနောက်တွင် နေရမည့်သူများဖြစ်သည်။

သူငယ်ချင်းက သူ့ကျောင်းက စာမေးပွဲနီးတော့ လက်ဖက်ရည်ဆိုင်သွားထိုင်ကြရင်တောင် စာရွက်လေးတကိုင်ကိုင်နဲ့ နိဗ္ဗာန်ရောက်ဖို့ ဘုရားစာရွတ်သလို တတွတ်တွတ်ရွတ်ရင်းလိုက်လာသည်။ သူသာရွတ်နေတာ ကျွန်တော်လည်း တစ်လုံးမှ နားမလည်။ အင်္ဂလိပ်လိုရွတ်နေမှန်းတော့သိသည်။ ဘာတွေပြောနေမှန်းနားမလည်။ နားမလည်ဆို သူက Eminem လိုရွတ်၊ ကိုယ့် Listening skill ကလည်း ခပ်ကောင်းကောင်းရယ်ဆိုတော့... ။ အဲ့တာနဲ့ သိချင်လို့ သူကျက်နေတဲ့ စာရွက်ကလေးတောင်းကြည့်မိသည်။ ဇာတ်လမ်းက အဲ့မှာ စ တာပဲ။ စာရွက်ကလေးကြည့်ပြီး " ဟျောင့် ဟိုဟာဘာလဲ၊ ဒီဟာက ဘာလဲ" မေးပါတော့သည်။ ဟုတ်တယ်လေ... ကျွန်တော်မှ ဘာတွေရေးထားလဲ မသိတာ။ သူငယ်ချင်းကလည်း စိတ်ရှည်လက်ရှည်နဲ့ ရှင်းပြရှာပါတယ်။" အဲဒါတွေသိဖို့မလိုဘူး၊ အဖြေလွှာပေါ်ချရေးနိုင်ရင် ရပြီ"တဲ့ ။ အဲဒီ့ရှင်းလင်းချက်က မှားတယ်လို့သွားပြောလို့မရ။ ဘာလို့ဆို သူ အဲ့တိုင်းကျက်ပြီးဖြေလာတာ နောက်ဆုံးနှစ်တောင် ရောက်နေပြီဖြစ်သည်။ နားလည်လည် မလည်လည် ဒီဘက်စာရွက်ကစာတွေ ဟိုဘက်အဖြေလွှာစာရွက်ထဲ သတ်မှတ်အချိန်အတွင်း အလွတ်ရေးထည့်နိုင်လျှင် သူ ဘွဲ့ရပြီဖြစ်သည်။ သူလုပ်နေကျ အလုပ်ဆိုတော့ သူ့အတွက် အဆန်းကြီးမဟုတ်တော့။ သို့သော်...

ငါတို့ ကလေးပြန်လုပ်ရအောင်

  မအားရင် "မအားဘူး" လို့ ဘာလို့ မပြောနိုင်ကြရတာလဲ။ မလာချင်ရင် "မလာချင်ဘူး" လို့ ဘာလို့မပြောနိုင်ကြရတာလဲ။ မသွားချင်တာကို "မသွားချင်ဘူး" လို့ ဘာလို့မပြောနိုင်ကြတာလဲ။ မရောက်သေးရင် "မရောက်သေးဘူး" လို့ ဘာလို့မပြောနိုင်ကြတာလဲ။ မပက်သတ်ချင်ရင် "မပက်သတ်ချင်ဘူး"လို့ ဘာလို့မပြောနိုင်ကြတာလဲ။ မကူညီနိုင်တာကို "မကူညီနိုင်ဘူး"လို့ ဘာလို့မပြောနိုင်ကြတာလဲ။ မစားချင်တာကို "မစားချင်ဘူး"လို့ ဘာလို့မပြောနိုင်ကြတာလဲ။ မကြိုက်တာကို "မကြိုက်ဘူး"လို့ ဘာလို့မပြောနိုင်ကြတာလဲ။ မလှတာကို "မလှဘူး"လို့ ဘာလို့မပြောနိုင်ကြတာလဲ။ မကောင်းတာကို "မကောင်းဘူး"လို့ ဘာလို့မပြောနိုင်ကြတာလဲ။ ချစ်ရင် "ချစ်တယ်" လို့ ဘာလို့မပြောနိုင်ကြတာလဲ။ မုန်းရင် "မုန်းတယ်" လို့ ဘာလို့မပြောနိုင်ကြတာလဲ။ ဘာလို့ ကိုယ့်ဆန္ဒကို ထုတ်မပြောကြတာလဲ... ဘာဖြစ်လို့ မငြင်းကြတာလဲ... ဘာဖြစ်လို့သည်းခံလိုက်တာလဲ... ဘာဖြစ်လို့ မျိုသိပ်ထားရတာလဲ... ဘာဖြစ်လို့ အောက်ကျို့နေတာလဲ... ဘာဖြစ်လို့ ကိုယ်လုပ်ချင်တာမလုပ်တာလဲ... ငါတို့ ကလေးပြန်လုပ်ကြရအောင်...........

ကျွန်တော့်မှာ ဘုရားမရှိဘူး

ဇာတ်လမ်းက ကျွန်တော်မောင်းတဲ့တက္ကစီကို မြန်မာစကားပြောတတ်တဲ့ နိုင်ငံခြားသားတစ်ယောက် ငှားစီးရာကစတယ်။ သူကမေးတယ်။ - "မင်း ကားပေါ်မှာ ဘုရားမရှိဘူးလား" - " ဟုတ် ကျွန်တော့်ကားပေါ်မှာ ဘုရားမထားပါဘူး... " - " ဘာလို့ လဲ" အင်း ခင်ဗျား နားလည်းအောင်ပြောရရင်တော့ ... ရှိခိုး(ရှစ်ခိုး) တယ်ဆိုတာ ဘာလုပ်တာလဲသိလား ရှိ + ခိုး သူ့မှာရှိတဲ့အရာတွေကို အတုခိုးပြီး လိုက်လုပ်ပါ့မယ်လို့ အဓိပ္ပါယ်ရတယ်။ ကျွန်တော် မှ အဲ့လိုမလုပ်နိုင်တာ...။ အဲ့တာကြောင့် ဘုရားမရှိခိုးဘူး။ ဘုရားကို မကိုးကွယ်ဘူး။ ဟုတ်တယ်လေ...။ ဘုရားဟောတဲ့အထဲမှာ ဗုဒ္ဓဘာသာဝင်တိုင်း လိုက်နာကျင့်သုံးရမယ့် အခြေခံကျင့်ဝတ်ငါးခုရှိတယ်။ - သူတစ်ပါး အသက်မသတ်ရဘူး။ - သူတစ်ပါးကို မလိမ်ရဘူး။ - သူတစ်ပါး သားမယား မပြစ်မှားရဘူး။ - သူတစ်ပါး ပစ္စည်း မခိုးရဘူး။ - အရက်သေစာမသောက်စားရဘူး။ ကျွန်တော် အဲ့တာတွေတစ်ခုမှ မလိုက်နာနိုင်သေးဘူး။ ခြင်ကိုက်ရင် ရိုက်ထည့်လိုက်တာပဲ၊ ဂျပိုးကိုက်ရင် လက်ညှိးလေးနဲ့ ဖိလိုက်တာပဲ။ ရည်ရွယ်ချက်ရှိရှိ လိမ်ခဲ့တာတွေရှိတယ်၊ ကိုယ့်ကို ညိုညင်မှာစိုးလို့ စကားကိုလွှဲပြောလိုက်တာတွေရှိတယ်။ ကားမောင်းနေတုန်း မီးပွိုင့်လေးများမိရင် မျက်လ...

လူရိုင်းစီစဥ်သည်

  မကြာခင် နင် ဘွဲ့ရတော့မယ်...။ ငါကတော့ ကျောင်းဆက်တက်ဖြစ်ဖို့ မသေချာတော့ဘူး။ ရေရှည်ကိုမကြည့်ဘူး ပြောချင်ပြော၊ လက်ရှိ၀င်ငွေလေးကို စွန်လွှတ်ဖို့ မဖြစ်နိုင်သေးဘူး။ အဲဒီ့ငွေလေးတွေထဲက တစ်ချို့တစ်ဝက်ကို အရင်လိုပဲ နင့်အတွက် ဆက်သုံးမယ်။ နင် စားချင်တာလေး တစ်လ တစ်ခါလောက် လိုက်ကျွေးမယ်။ နင် သင်တန်းဆင်းတိုင်း လာကြိုမယ်။ နင့်အတွက် အလုပ်လိုက်ရှာပေးမယ်...။ ငါကတော့ တိုက်ခန်းလေးတစ်ခန်းလောက် ငှားနေနိုင်အောင်လုပ်မယ်။ ပြီးရင် ငါ့အလုပ်အခြေနေအရ သွားသွားလာလာအဆင်ပြေအောင် ကားလေးတစ်စီး အရင် ဝယ်မယ်။ နင် သွားချင်တဲ့နေရာရှိရင် ငါအလုပ်နားရက်တွေကျ လိုက်ပို့လို့ရတာပေါ့။ နင် အလုပ်ရရင် လစာကို မိဘတွေ အပ်ချင်အပ်၊ နင့်ညီမလေးကို မုန့်ဖိုးပေးချင်ပေး...၊ နင့် အစ်ကိုကို လက်ဆောင်တွေပေးချင်ပေး၊ နင်လိုချင်တာ ဝယ်ချင်ဝယ်၊ စုချင်လည်း စု၊ နင့် သဘော... နင်ကြိုက်တာလုပ်။ ငါတို့နှစ်ယောက်တွေ့တိုင်း အသုံးစရိတ်ကို ငါတာဝန်ယူမယ်။ တစ်ခါတလေ ဘယ်မှမသွားဘဲ ငါ့တိုက်ခန်းလေးမှာပဲ ချက်ပြုတ်စားသောက်ကြမယ်။ ရုပ်ရှင်တွေကြည့်ကြမယ်။ သူငယ်ချင်းတွေခေါ်ပြီး သောက်ကြမယ်။ ဆော့ကြမယ်။ ငါ့ အလုပ်ကလေး အဆင်ပြေလို့ ပိုက်ဆံစုမိတဲ့အခါ အိမ်ကလေးတစ်လုံးဝယ်မယ်။ ပြီးရင် ...

ဆယ်တန်းအောင်တာနဲ့ တက္ကသိုလ်ဆက်တက်ရမှာလား

                              မြန်မာနိုင်ငံရဲ့ ပညာရေးစနစ်မှာ အသက် ငါးနှစ်ပြည့်တာနဲ့ သူငယ်တန်း စတက်လို့ရပါပြီ။ ပထမတန်း၊ ဒုတိယတန်း၊ တတိယတန်း အစရှိသဖြင့် ဒသမတန်း ( တက္ကသိုလ်၀င်တန်း ) အထိတက်ရပါတယ်။ ဒါက အခြေခံပညာရေးပါ။ အဆင့်မြင့်ပညာရေး (သို့) အသက်မွေးပညာရပ်တွေ သင်ကြားနိုင်ဖို့ တက္ကသိုလ်ကို လေးငါနှစ်ဆက်တက်ရပါတယ်။ ဟုတ်ပြီ။ ဒါဆိုရင် ဆယ်စုတစ်ခုကျော်လောက် သင်ကြားခဲ့ရတဲ့ ပညာတွေက ဘ၀အတွက် အထောက်အပံ့ဖြစ်စေရဲ့လား။ အနာဂတ်အတွက် အာမခံချက်ပေးနိုင်ရဲ့လား။ ကျောင်းပြီးအောင်ဆက်မတက်နိုင်တော့တဲ့သူတွေရဲ့အနာဂတ်ကကော ... ?                  လူတစ်ယောက်ရှင်သန်ဖို့၊ ဘ၀လေးအေးချမ်းသာယာဖို့ အဓိကလိုအပ်ချက်က စား၀တ်နေရေးပြေလည်နေဖို့ပါ။ စား၀တ်နေရေးပြေလည်ဖို့ဆိုတာကလည်း ပိုက်ဆံ(သို့) ၀င်ငွေကောင်းတဲ့အလုပ်တစ်ခုရှိနေဖို့ လိုပါတယ်။ အလုပ်လုပ်ရင် အခက်အခဲဆိုတာရှိမှာပဲ ဆိုပေမယ့် ပင်ပင်ပန်းပန်းလုပ်ရတဲ့အလုပ်ထက်စာရင် အေးအေးဆေးဆေးလုပ်လို့ရတဲ့ အ...

မနိုးသော

  အမြဲတမ်းလိုလို အောင်မြင်မှုတွေမရခဲ့ဘူး ရှားရှားပါးပါး ရဖူးတဲ့ တစ်ကြိမ် ဆုတက်ယူတော့လည်း အနားမှာ ဘယ်သူမှ ရှိမနေခဲ့ဘူး လက်ခုပ်တွေ တီးကြပေမယ့် ဝတ္တရားတွေပဲ ပဲ့တင်ထပ်သွားတယ် မြင်ချင်တယ်ဆိုလို့ ဆုလေးပိုက်ပြီး စင်ပေါ်မှာ ရပ်ပြနိုင်ခဲ့သော်လည်း မျက်လုံးစိမ်းတွေပဲ ဝန်းရံခြင်းခံခဲ့ရတယ် ကိုယ့်ကို စူးစူးစိုက်စိုက် အားပါးတရကြည့်နေတာဆိုလို့ ကင်မရာတွေပဲရှိတယ် အကြောင်းကိုရှာတော့ ငွေစက္ကူတွေပေါ်မှာ အပုံလိုက်လေးပါ တစ်ခုခုဆိုတိုင်း ဒီပေါ် လာပုံချရလောက်အောင် ဘာတွေများ ဒီလောက်တောင်အဖိုးတန်နေရသလဲ ဖြဲရွဲပြီး ရှာကြည့်တော့ ရင်ငွေ့မေတ္တာ တစ်စက်ကလေးတောင် မတွေ့ခဲ့ပါ မရယ်နိုင်ပေမယ့် မျက်ရည်လည်း မကျခဲ့ပါဘူး အားလုံးက ဆု လေးပိုက်ပြီး ပြန်သွားပြီ ထင်နေကြပေမယ့် ကျွန်တော်သယ်သွားတာ " အားတယ် မအားဘူးဆိုတာ အရေးပါတယ် အရေးမပါဘူး ဆိုတာနဲ့ပဲဆိုင်တယ်" ဆိုတဲ့ အသိလေးတစ်ခုပါ ... အိပ်ပြန်ရောက်တော့ ကျောပြင်နဲ့ ကြမ်းပြင် တစ်သားဖြစ်အောင်လုပ်ပြီး " စည်းစိမ်ဥစ္စာကို ပျော်ရွှင်ခြင်းတွေနဲ့ လဲ လဲ ယူတတ်တဲ့သူတွေကြားမှာ ငါ ဘယ်လိုကြီးပြင်းရမလဲ" ဆိုတဲ့ပုစ္ဆာကို မျက်နှာကျက်ပေါ် ချတွက်နေလိုက်တာ နေ ဘယ်ချိန်ဝင်သွားလဲတောင် မသိလို...