တစ်ရက်ကပေါ့ သူငယ်ချင်းတစ်ယောက်က သူ့ကွန်ပြူတာလေး သုံးနေရင်းနဲ့ "ဘာမှ နှိပ်မရ ပြုမရနဲ့ ဒီနေရာမှာတင် ရပ်သွားလို့ ကူညီပါအုံး"ဆိုပြီး မက်ဆေ့ဂျာကနေ အကူအညီလာတောင်းတယ်။ ကျွန်တော်ကလည်း ကိုယ့်မျက်စိနဲ့ မြင်နေရတာမဟုတ်တော့ "ဘာဖြစ်တာ ဘာလုပ်ရမှာ" ဆိုပြီး ပြောမပြနိုင်ဘူးလေ။ အဲ့တာနဲ့ပဲ "စက်ကို restart ချကြည့်လိုက်" လို့အလွယ် ပြောလိုက်တယ်။ အဲ့မှာ ပြဿနာက စတာပဲ။ "Touchpad မှ အလုပ် မလုပ်တာ ဘယ်လိုလုပ်ရမလဲ" တဲ့။ (အရင်က pointer နဲ့ ဟိုထောက် ဒီထောက်လုပ်ပြီးပဲ စက်ကို ပိတ်ခဲ့ဖူးတယ်နဲ့တူပါတယ်။ ) "အာ့ဆိုလည်း Power Button ကို 5 sec လောက် ဖိထားလိုက်ပေါ့ " ဆိုမှ ပိုဆိုးသွားတယ်။ "Power Button က ဘယ်နားမှာလဲ" တဲ့။ ကြားလိုက်စဥ်ခဏတော့ ဆွံ့အသွားတယ်။ ဒါလည်းထားလိုက်အုံး။ " မင်း Fingerprint နှိပ်တဲ့ဟာလေကွာ..." ဆိုတော့ "ငါ့စက်မှာ Fingerprint ပါလို့လား"တဲ့။ ဒီတစ်ခါတော့ တိုင်နဲ့ ခေါင်းနဲ့ပါ ပြေးဆောင့်ချင်သွားပြီ။ ကိုယ်ဝယ်ထားတဲ့စက်မှာ Fingerprint ပါလား မပါလားတောင် မသိရှာဘူး။ ဒါပေမယ့်လည်း ပြဿနာရှင်းသွားဖို့ကအဓိကဆိုတော့ Google ကိုပြေး။ သူ့စက်မော်ဒယ်န...
ဘာမှမထူးတဲ့ အကြောင်းများပြောလို့ ဘာထူးမလဲ။